Flower

Monday 2 June 2014

3D printer ဖြင့် ဖန်တီးထားသည့် စက်ရုပ်များကို ရောင်းချရန် Intel အသင့်ရှိနေ

3D printer ဖြင့် ဖန်တီးထားသည့် စက်ရုပ်များကို ရောင်းချရန် Intel အသင့်ရှိနေ


3D printer ဖြင့် ထုတ်လုပ်ထားသည့် အစိတ်အပိုင်း များဖြင့် ပြုလုပ်ထားသော လမ်းလျှောက်နိုင်ပြီး စကားပြော နိုင်သည့် စက်ရုပ် တစ်မျိုးကို Intel က မိတ်ဆက်ပေး ခဲ့သည်။ အဆိုပါ စက်ရုပ်ကို ယခု နှစ်ကုန်ပိုင်းတွင် သုံးစွဲသူ များထံ အမေရိကန်ဒေါ်လာ ၁,၆ဝဝ ဖြင့် ရောင်းချမည် ဖြစ်သည်။

Jimmy ဟုခေါ်သည့် အဆိုပါ စက်ရုပ်ကို Intel ကုမ္ပဏီမှ အမှုဆောင်ချုပ် Brian Krznich က ကယ်လီဖိုးနီးယား ပြည်နယ်၊ ရန်ချိုပါလော့စ်ဗာဒက်စ် မြို့ရှိ Recode Code conference တွင် မိတ်ဆက် ပေးခဲ့ခြင်း ဖြစ်သည်။ အရပ် ၂ ပေရှိသည့် အဖြူရောင် စက်ရုပ်သည် Code conference စင်မြင့်တွင် လမ်းလျှောက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Intel ၏ အဆိုအရ Jimmy စက်ရုပ်သည် သုတေသန စက်ရုပ် တစ်ခု ဖြစ်သော်လည်း ကုမ္ပဏီက 3D printer နှင့် ထုတ်လုပ် ဖန်တီးထား သည့်အတွက် အဆင့်မြင့် စက်ရုပ်ထက် ကုန်ကျစရိတ် နည်းပါးကြောင်း၊ သို့သော် 3D printer ဖြင့် မပြုလုပ်နိုင်သည့် မော်တာများနှင့် Intel Edison ပရိုဆက်ဆာ တို့ကို တွဲဖက် ကုမ္ပဏီ များမှ ဝယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

Jimmy စက်ရုပ်သည် သီချင်း သီဆိုခြင်း၊ ဘာသာပြန်ပေးခြင်း၊ tweet များ ပေးပို့ခြင်းနှင့် ဘီယာ ငှဲ့ပေးခြင်း တို့ကို ပြုလုပ်ပေး နိုင်သည်။ ထို့အပြင် အဆိုပါ စက်ရုပ်ကို ပိုင်ဆိုင်သူများ အနေဖြင့်လည်း ထူးခြား ဆန်းသစ်သည့် လုပ်ဆောင်ချက် များကို စီစဉ် သတ်မှတ်ပေး ထားနိုင်ကြောင်း၊ ထို့အပြင် app များကို download ပြုလုပ် သကဲ့သို့ ပရိုဂရမ် များကို ပိုင်ရှင် အချင်းချင်း ဝေမျှနိုင်မည် ဖြစ်ကြောင်း သိရသည်။

Intel ကမူ အဆိုပါ စက်ရုပ်များကို ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁,ဝဝဝ အောက်ဖြင့် ရောင်းချနိုင်အောင် ဆောင်ရွက်သွားမည် ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

Internet

No comments:

Post a Comment