Flower

Wednesday 11 June 2014

♪ Samsung က LTE အသုံးပြုနိုင်သည့် Galaxy Core Lite ကို ကြေညာ ♫

Photo: Samsung က LTE အသုံးပြုနိုင်သည့် Galaxy Core Lite ကို ကြေညာ
================================================

Samsung က Galaxy Core Lite စမတ်ဖုန်း ကို ထိုင်ဝမ် တွင် ကြေညာလိုက်ပါသည်။ Samsung Galaxy Core Lite သည် စွမ်းဆောင်ရည်နိမ့် တန်ဖိုးနည်းဖုန်းဖြစ်ပါသည်။ 

Samsung Galaxy Core Lite တွင် ၄.၇ လက်မအရွယ် WVGA Display တပ်ဆင်ထားပြီး Quad-Core Snapdragon 400 Processor မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 1GB RAM ပါရှိပါသည်။ အနောက်ဘက်တွင် 5 Megapixel Camera နှင့် LED Flash တပ်ဆင်ထားပါသည်။ 8GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ LTE ဆက်သွယ်မှု အသုံးပြုနိုင်သောကြောင့် အင်တာနက် လိုင်းဆွဲအားကောင်းမွန်ပါသည်။ 2000mAh Battery တပ်ဆင်ထားပါသည်။ Android 4.3 Jelly Bean ကို မောင်းနှင်လည်ပတ်မည် ဖြစ်ပြီး Android 4.4 KitKat ကို မည်သည့်အချိန်တွင် အဆင့်မြှင့်ပေးမည်ဆိုသည်ကို Samsung က ပြောကြားခြင်းမရှိ ဟု သိရပါသည်။ 

Samsung Galaxy Core Lite ကို ထိုင်ဝမ်ဒေါ်လာ ၉၉၀ (ယူရို ၁၉၅ ၀န်းကျင်) ဖြင့် ယခုလအတွင်းတွင် ထိုင်ဝမ် ၌ ရောင်းချမည်ဖြစ်သည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်း ကို Samsung က ကြေညာခြင်း မရှိ ဟု သိရပါသည်။ 

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
No comments:

Post a Comment