လွယ်ကူလေ့လာVPN Technology သင်ခန်းစာ
အခု VPN နည်းပညာရပ်နဲ့ ပါတ်သက်ပြီး လွယ်လင့်တကူ နားလည်အောင် အသုံးပြုနိုင်အောင် ဖော်ပြ လိုပါတယ်။ယနေ့ VPN နည်းပညာရပ်ကို ရေပန်းစားစွာ ပြောဆိုသုံးနှုံးနေကြသလို အသုံးပြုမှုတွေ များပြားလာတာကို တွေ့မြင်နိုင်ပါတယ်။အချို့က ယနေ့ အထိ VPN နဲ့ပါတ်သက်လို့ အမြင်မရှင်း တာလေးတွေရှိနေပါတယ်။ ဒါမှ မဟုတ်သိပြီး ပေမယ့် ရှုပ်နေတာလည်း ဖြစ်နေနိုင်ပါတယ်။
… ယခု မျှဝေချင်တာကတော့…- VPN ကို အလွယ်တကူနဲ့ မှန်ကန်အောင် ဘယ်လိုနားလည်မလဲ..
- VPN မှာ ဘာတွေသိသင့်သလဲ နဲ့…
- လက်ဆောင်အဖြစ် VPN ကွန်ယက် တစ်ခု Windows 7 ပေါ်မှာ ဘယ်လိုဖန်တီးမလဲဆိုတာတွေပေါ့
ကျွန်တော်တို့ လက်ရှိ ချိတ်ဆက်နေတဲ့ ကွန်ယက်တွေပေါ့ အထူးသဖြင့် Dial Up အပါအဝင် WAN Public Network တွေပေါ့ ရှိပြီးသား IP Networkတွေ၊ LAN မှာလည်း ဖြစ်နိုင်တယ် နော်….အများနဲ့ သမားရိုးကျ ချိတ်ဆက်ထားနဲ့ Network တစ်ခု ကို မြင်ကြည့်လိုက်ပါ….
ဘာလို့လည်း ဆို VPN ရဲ့ Definition ကတော့ (Public လိုင်းပေါ်မှာ Private Information) သွားတာပါ.။
နောက်တမျိုးနားလည်လို့ရတာကတော့…(အများနဲ့ ဆိုင်တဲ့ လမ်းပေါ်မှာ အများနဲ့ မဆိုင်တဲ့ Information) သွားတာပါ….
ကဲ ဒါဆို ရင် အများနဲ့ ဆိုင်တဲ့ လိုင်း၊ အများနဲ့ မဆိုင်တဲ့ Information ကို ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ
မျက်လုံးထဲမှာ တိမ်တိုက် တစ်ခု ပုံဖော်ကြည့်လိုက် ပြီးရင် အဲ့ဒီ တိမ်တိုက်ထဲမှာ တိမ်တိုက် အသေးလေး တစ်ခု ပုံထပ်ဖော်ကြည့်ပါ။…..တိမ်တိုက်အကြီးက Public/ တိမ်တိုက်အသေးလေးက Private ပေါ့…..
ကိုယ်ဟာ Interface တစ်ခုထဲ လွယ်လွယ်ပြောရရင်တော့ Network Interface Card တစ်ခုတည်းနဲ့ ကွန်ယက်၂ ခု တခါတည်းချိတ်ဆက်ပြီးသားဖြစ်နေလိမ့်မယ်။ ကွန်ယက် ၂ခု စလုံးဟာ IP subnet မတူပေမယ့်လည်း ကွန်ယက် ၂ခုလုံးကို တပြိုင်နက်တည်း အသုံးပြုခွင့် ရှိနေလိမ့်မယ်…..
အိုကေပါ….Intro ပိုင်းလေးတွေ ပြီးပြီဆိုတော့ အခု VPN ကွန်ယက်ဆိုတာ ဘာလဲ အကြမ်းဖျဉ်း ပုံဖော်လို့ ရလောက်ပြီးထင်ပါတယ်.
ကဲဒါဆို VPN ကွန်ယက် တစ်ခု တည်ဆောက်ချင်တယ် ဘာလိုလဲပေါ့……
အင်း အဲ့ဒါ ဆိုရင်တော့…..နည်းနည်းပြောရတော့မယ်…..အဓိက က အဲ့ဒီ VPN ကွန်ယက်ကို Provide လုပ်ဘို့ Provider လိုတယ်….Provider ဟာ…..Server ဖြစ်လိမ့်မယ်…လွယ်လွယ်ပြောရင်…VPN Server လိုပါတယ်ပေါ့.။ VPN Server အဖြစ် Microsoft Windows Server 2003/ 2008 အသုံးပြုလို့ရပါတယ်.
Cisco ကို အားပေးချင်ရင်တော့ Cisco Modular Router တွေရှိပါတယ်။ VPN support လုပ်တဲ့ Feature တွေနဲ့.. Router ကို VPN Server အစားသုံးလို့ရပါတယ်.
ဒါဆို VPN ကွန်ယက် တည်ထောင်ဘို့ VPN Server လိုပါတယ်ပေါ့။ ကဲ ဒါဆို ဘာအတွက်လိုတာလဲ မေးရမယ်လေ။ ရှင်းပါတယ် VPN ကွန်ယက်ကို ဝင်လာမယ့်သူတွေကို Autheticate လုပ်ဘို့ပါ။ စစ်ဆေးမယ် ဝင်ခွင့်ရှိတဲ့သူတွေလားပေါ့…အထူးသဖြင့် Username Password ပါ… အမှန်က အခြားသော Authentication တွေရှိပါသေးတယ်။ Digital certification တွေ smart card တွေပေါ့..အဲ့ဒါကိုတော့ နောက် တော့ပစ်အတွက်ထားခဲ့မယ်နော်….
ဟိုးအပေါ်မှာ ပြောခဲ့သလိုလေ…တိမ်တိုက်ကြိး Public မှာ တိမ်တိုက်သေးလေး Private တည်ဆောက်ရင်. လျှို့ဝှက်လမ်းကြောင်း အဖြစ် သက်ဆိုင်သူတွေသာ ဖြတ်သန်းနိုင်တဲ့ Tunnel လို့ခေါ်တဲ့ တူးမြောင်း ဖောက်ပြီး သွားသလိုပါဘဲ။ အဲ့ဒါကို VPN Tunnel လို့ခေါ်ပါတယ်။ အထူးသဖြင့် Secured VPN အတွက်ဆိုရင် နာမည်ကြီးတဲ့ Protocol တွေအနေနဲ့က
L2TP, IPsec နဲ့ SSL ကို အသုံးပြုနိုင်ပါတယ်။ အမှန်က အဲ့ဒါတွေက Secure Concept အတွက်ဦးတည်ထားတာတွေပါ. ကျွန်တော်ဆိုလိုတာကဗျာ….အဲ့လို VPN Tunnel ဖန်တီးမယ်ဆိုရင် ၊ နောက် အဲ့လို VPN Protocol တွေနဲ့ ဆိုရင် Private Information တွေဟာ Secured ဖြစ်နေပါတယ်။
ကဲ ဒါဆိုရင် အခုဏ ပြောသလို VPN ကွန်ယက် တစ်ခု အတွက် Server / Router တွေလိုအပ်တယ်မဟုတ်လား။ အခု တော့ ဘာ server / router မှ မပါဘဲ Microsoft Windows 7 ကိုဘဲ သုံးပြီး VPN ကွန်ယက် တစ်ခု တည်ဆောက်ပြပါမယ်။ Microsoft windows 7 တစ်လုံးဟာ VPN server ဖြစ်သွားပါမယ်။
ဟုတ်ပါပြီနော်…
Microsoft Windows 7 ကွန်ပျူတာ အနည်းဆုံး ၂လုံးလိုပါတယ်။ Server ဟာ ၁လုံးဘဲ ဖြစ်ပါမယ်။ ကျန်တာတွေက Client တွေဖြစ်ပါမယ်။ အဲ့ဒီ ကွန်ပျူတာတွေဟာ အကုန်လုံး Cable ကွန်ယက်ပေါ်မှာ ဖြစ်ဖြစ်၊ Wireless ကွန်ယက်ပေါ်မှာဖြစ်ဖြစ် ဒါမှ မဟုတ် Ad Hoc နဲ့ဖြစ်ဖြစ် သမားရိုးကျ ကွန်ယက် တစ်ခုတော့ Network မိနေရပါမယ်။ ဥပမာ ကွန်ပျူတာတွေ အားလုံး ကွန်ယက်မိနေတယ်..(192.168.1.0) Network တစ်ခုပေါ့…..
VPN Server Configuration (or) Creating Incoming
၁) ကဲ VPN Server အဖြစ်ထားမဲ့ Windows 7 ကိုယူမယ်။ Run Box ထဲကို သွား Run>ncpa.cpl ရိုက်ထဲ့ပြီး Enter ခေါက်လိုက်မယ်။
၂) ပေါ်လာတဲ့ Window မှာ File> new incoming connection ကိုရွေးမယ်
၃) စ ပြီ။ အခု လာမေးနေတာက ဘယ် User အကောင့်တွေကို အခြားစက်တွေကနေ VPN ကွန်ယက်ချိတ်ခွင့်ပေးမလဲ တဲ့။ အကယ်၍ ကိုယ့်စက်ထဲက User Account တွေကို သွားပေးလိုက်ရင် သူများက လှမ်းဝင်လို့ရမယ်လေ။ VPN အတွက်သီးခြား အကောင့်ဖွဲ့ပေးတာပိုကောင်းတာပေါ့
၎) VPN အတွက် user အသစ်ဖွဲ့ပေးမယ်။ ဒါဆို အောက်မှာ Add Someone မှာ click လိုက်ပါ။ user ဖွဲ့မယ်။ Password လေးပါ ပေးရမယ်။ OK ပေါ့။ အခြားစက် ၃လုံးကနေ ၃ယောက်ဆို အကောင့် ၃ခုပေးမယ်။
၅) အခုရွေးရမှာက Through the internet နဲ့ Phone line ပေါ်က Dialup ဘယ်ဟာနဲ့ သွားမလဲပေါ့။
အခု က IP network သီးသန့်တွေဘဲဆိုတော့ အပေါ်က through the internet ကိုဘဲရွေးပါ။ Next>
၆) ကဲ အခု အဲ့ဒီမှာ TCP/IP v4 ပေါ်က ဘဲ သွားမယ်ဆိုပါဆို့။ TCP/IPv4 ကိုရွေးမယ် Properties.
၇) Ip address assignment မှာ VPN Network ပေါ်လှမ်းချိတ်မယ့် ကွန်ပျူတာတွေအတွက် IP ပေးမှာပါ။ DHCP လိုဘဲလေ..ကိုယ့်ကို လှမ်းချိတ်ရင် IP ရမယ်။ ဒါဟာ ကွန်ပျူတာတိုင်းမှာ နဂိုတည်းက IP က ရှိပြီး သားပါ။ ဒါပေမယ့် အဲ့ဒီ အခြား ကွန်ပျူတာတွေ အခု လုပ်နေတဲ့ VPN Network ကိုလှမ်းဝင် ရင် နောက်ထပ် IP တစ်ခုရမယ်လို့ပြောနေတာပါ။
အပေါ်ဆုံးက allow caller to access my local network ဆိုတာကို On ထားရင် လှမ်းပြီး VPN Call လုပ်လာမယ့် သူတွေကို အခု ဒီစက်ရဲ့ LAN ကိုပါ ပေးသုံးခွင့်ပေးတာ။ မပေးလည်းရတယ်။ စိတ်ကြိုက်လုပ်ပါ။
အောက်ဆုံးက allow calling computer to specify its own ip address ကတော့ လှမ်းချိတ်လာမယ့် ကွန်ပျူတာတွေ client တွေကို သူတို့ IP သူတို့ပေးချင်ရင် ပေးခွင့်ထားတာလေ.. အပေါ်မှာ ကိုယ်တိုင်ပေးမယ်ဆိုရင်တော့ မလိုဘူး။
၈) ရပြီ Next နှိပ်လိုက်တော့ ပြီးရင် Close။
အိုကေပြီဗျာ။ အခု Incoming connection တစ်ခု တနည်းအားဖြင့် VPN Server အောင်မြင်စွာ ဖန်တီးပြီးပြီ။
ဟုတ်ပါပြီ။ ဒါဆို လှမ်းချိတ်ပြီး VPN ကွန်ယက်ပေါ်လာချင်တဲ့ Client တွေအတွက်ကတော့ နောက်တမျိုးလုပ်ရမယ်။
VPN Client Configuration (or) Setup VPN connection
၁) ကိုယ့်ကွန်ယက်မှာ VPN ချိတ်ခွင့်ပေးထားတဲ့ server ရှိနေပြီဆိုရင် Client တွေက… Control Panel ထဲက network and sharing centre ထဲကို သွားပါ။
၂) setup a new connection or network ကို ရွေးမယ်။ Connect to a network ဆိုတာ က ချိတ်ဖူးတဲ့ VPN ကို ပြန်ချိတ်မှ သုံးမယ်နော် အခုကတော့ setup a new….ဘဲ။
၃) ပြီးရင် ပေါ်လာတဲ့ထဲက Connect to a workplace ပြီးရင် Next
၎) အဲ့ဒီမှာ Use My Internet Connection ကိုရွေးပါ။ အင်တာနက် ရှိရှိ မရှိရှိ အေ၇းမကြီးဘူး။ ဒါ IP Network ဘဲလေ။ Server လုပ်တုန်းက တခါတွေ့ပါသေးတယ် မှတ်မိမှာပါ။ အောက်က Dial Directly ကတော့ VPN ကို ဖုန်းလိုင်းက တည်ဆောက်ရင် သုံးမယ်။
၅) အခု ပေါ်လာတဲ့ IP / domain နေရာမှာ Server လုပ်တဲ့ စက်က လက်ရှိ IP ကို ထည့်လိုက်ပါ။ Windows 7 မဟုတ်ဘဲ သူက တကယ့် Server2003/ 08 တွေဖြစ်နေခဲ့မယ်ဆိုရင် Domain name ထည့်လည်းရပါတယ်။ နာမည်ပေးလို့၇တယ် အောက်က Destination Name မှာ။ အောက်မှာ တွေ့လား SmartCard နဲ့ဝင်လည်းရတယ်တဲ့။ ကိုယ့်စက်ထဲက အခြား အကောင့်တွေ ကိုကော ပေးဝင်မ လား ရွေးလို့၇တယ်။ နောက်ဆုံး Check box ကတော့ အခု မချိတ်နဲ့အုံး ။တည်ဆောက်ရုံ ဘဲလုပ်ထား မယ်။ နောက်မှ ချိတ်မယ်တဲ့။ ကဲ Next.
၆) အခု လာမေးနေတာက VPN Server စက်ကို လှမ်းချိတ်ရင် ဝင်ရမယ့် အကောင့် ၊ Password
အဲ့ဒါ အခုဏ Server လုပ်ခဲ့တဲ့စက်မှာ ဖွဲ့ခဲ့တဲ့ username/ password ကိုသုံးလေ နော်.. Domain မရိုက်လည်းရတယ် ။ တွေ့တယ်မဟုတ်လား optional ဘဲတဲ့။
၇) ရပြီ Connect ကို နှိပ်လိုက်ပါတော့ ။ verify password ပေါ်မယ် မိသွားရင် Taskbar ဟိုးညာဘက်ထောင့်မှာ netwok icon လေးမှာ နှိပ်ကြည့် Connected လို့ပေါ်မယ်။
Command (CMD) ထဲမှာ…Ipconfig ရိုက်ကြည့်ပါလား။ ကိုယ့်ကို Server အလုံးကပေးတဲ့ IP ပေါ်နေမယ်။ လက်ရှိ နဂို IP လည်း ပေါ်နေမယ်။ အဲ့ဒါဆို ဒီ Network Card/ ဒီ Network တစ်ခုတည်းမှာဘဲ VPN IP တွေနဲ့ အသုံးပြုခွင့် Access လုပ်ခွင့်ရနေမှာပါ။ ပြီးတော့ Intrusion အတွက်လည်း လုံခြုံရတဲ့ Network လို့ပြောလို့ရပါတယ်။
အဆင်ပြေကြမယ် လို့ မျှော်လင့်ပါတယ်။ ဒီ VPN Practical လေးကို ဒီမှာ ခဏရပ်နားထားပါမယ်နော်။။
Credit for this post to www.mstedu.net/