Flower

Tuesday, 15 July 2014

♪ ရက်သတ္တပတ် အနည်းငယ်အတွင်း Ooredoo ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်တော့မည် ♫


http://www.ooredoo.qa/idc/groups/public/documents/document/qtel-hala-portlet-en.jpg
Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း ၁၅၀၀ ကျပ်ထပ်မပိုသော ဆင်းမ်ကတ်များကို စတင်ရောင်းချတော့မည်ဖြစ်သည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့ကြီးသုံးမြို့နှင့် အနီးတဝိုက်မြို့များတွင် စတင်ရောင်းချ သွားမည်ဖြစ်ပြီး သြဂုတ်လအတွင်း စတင်ရောင်းချနိုင်ဖွယ် ရှိနေသည်ဟုသိရသည်။ “ဆင်းမ်ကတ်တွေ ရောင်းဖို့အချိန်က သိပ်မလိုတော့ပါဘူး။ နီးနေပါပြီ။ ပြီးတော့ Ooredoo Myanmar နဲ့ ဆက်စပ်ဝန်ဆောင်မှုဖြစ်တဲ့ ဟန်းဆက်တွေဟာ ဈေးကြီးမယ်ဆိုတာကလည်း မဟုတ်ပါဘူး" ဟု အဆိုပါ ကုမ္ပဏီ၏ လူမှုဆက်ဆံရေး မန်နေဂျာဖြစ်သူ ဒေါ်သီရိကြာညိုက ပြောကြားသည်။

ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်သုံးစွဲနိုင်တော့မည့် Ooredoo Myanmar ၏ ဆင်းမ်ကတ်များကို 3G ကွန်ရက်ဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အမျိုးမျိုးသော သုံးစွဲသူများအတွက် Package Plan အမျိုးအစားများ ခွဲခြားသတ်မှတ်ထားပြီဖြစ်သည်။

Internet Journal

No comments:

Post a Comment